
၂၀၂၅ ABE ဘွဲ့လက်မှတ် နှင်းအပ်ချီးမြှင့်ခြင်း အခမ်းအနား
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့တွင် ABE မြန်မာ ဘွဲ့ရကျောင်းသူ/သားများ၏ ဘွဲ့လက်မှတ်အပ်နှင်းခြင်းအခမ်းအနားကို ရန်ကုန်မြို့ Melia Hotel တွင်ပြုလုပ်ကျင်းပခဲ့ပါသည်။ အခမ်းအနားစီစဉ်ဦးဆောင်သူအဖြစ် ABE ၏ အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသတို့၏ Regional Director ဖြစ်သူ Suren Verma နှင့်တကွ ABE မြန်မာရုံးအဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းအဖြစ် ABE ကျောင်းသူ/သားဟောင်းများ ပူးပေါင်းပါဝင်ကျင်းပခဲ့ပါသည်။
ဤ ABE Graduation 2025 တွင် အထူးဧည့်သည်တော်များအဖြစ် ABE Global ၏ ကော်မတီဥက္ကဌဝင် Nicola Rylett-Jones နှင့် Sales Director ဖြစ်သူ Rob Kindness, ရန်ကုန်ဗြိတိသျှကောင်စီမှ အဖွဲ့ဝင်ဒါရိုက်တာ Helen Sykes, မြန်မာနှင့်ဗြိတိသျှကုန်သည်များအသင်း၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Jessica Myint, Suren Verma, ABE ဘာသာရပ်ဆိုင်ရာ နည်းပြ ဆရာ၊ဆရာမများ၊ ABE Center တည်ထောင်သူ Founderများအပါအဝင် ကျောင်းသားမိဘ ဧည့်သည်တော်များ စုစုပေါင်း ဦးရေ၆၀၀ ကျော် တက်ရောက်ချီးမြှင့်အားပေးခဲ့ပါသည်။
ABE ဘွဲ့ရကျောင်းသူ/သားများအားလုံးရဲ့ ကြိုးစားအားထုတ်ခဲ့မှု ရလဒ်များကို အောင်ပွဲခံဂုဏ်ပြုသည့်အနေဖြင့် ABE Level 3 မှ Level 6 အထိ သင်တန်းပြီးဆုံးသွားသော ကျောင်းသူ/သားများ အသီးသီးနှင့်တကွ ထူးချွန်ကျောင်းသူ/သားများအားလုံးကို စုစုပေါင်း ဘွဲ့လက်မှတ် ၁၃၃ ခုတို့အား ပေးအပ်ချီးမြှင့်ခြင်း၊ ဗြိတိသျှကောင်စီမှ UK Alumni badges စုစုပေါင်း ၁၀၈ တို့အားလည်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ABE ဘွဲ့ရကျောင်းသူ/သားအားလုံးအပါအဝင် မြန်မာနိုင်ငံ ABE Accredited Centers များဖြစ်ကြတဲ့ AIM International College, Clean Canvas Acadia, DBU International College, KBTC College, MHR Management Institute, New Next International College, PS Business School, Pacific Prime Business School, Rakhine Professional Development Academy, SAGE Business School, Strategy First International College – Yangon, The Greatest Education Center နှင့် WEBS International ကျောင်းများအားလုံးမှ အဖွဲ့ဝင်အားလည်း ဝမ်းမြောက်ဂုဏ်ယူစွာဖြင့် ကြိုဆိုခဲ့ပါသည်။
ABE ဘွဲ့ရများအားလုံးအားလည်း ထပ်မံ ဂုဏ်ပြုအပ်ပါသည်။
ABE 2025 Graduation Ceremony
On 11 October 2025, we were delighted to celebrate the achievements of our ABE Myanmar graduates at the ABE Graduation ceremony held at the Melia Hotel Yangon, Myanmar. The event was organised by Suren Verma, Regional Director, ABE Southeast Asia and Pacific and the ABE Myanmar Team, alongside current learners and alumni volunteers.
The event brought together more than 600 guests, including Nicola Rylett-Jones (Chair of ABE Global), Rob Kindess (Sales Director, ABE Global), Helen Sykes (Director, British Council Myanmar), Jessica Myint (CEO, British Chamber of Commerce Myanmar), and Suren Verma, ABE lecturers, heads of institutions and parents.
It was a wonderful celebration of hard work and achievement. A total of 133 certificates were presented, including top paper awards and diplomas across Levels 3 to 6. In addition, 108 UK Alumni badges were presented by the British Council.
We were proud to welcome graduates and representatives from our ABE centres in Myanmar, including AIM International College, Clean Canvas Acadia, DBU International College, KBTC College, MHR Management Institute, New Next International College, PS Business School, Pacific Prime Business School, Rakhine Professional Development Academy, SAGE Business School, Strategy First International College – Yangon, The Greatest Education Center and WEBS International.
Congratulations to all our graduates!
၂၀၂၅ ABE ဘွဲ့လက်မှတ် နှင်းအပ်ချီးမြှင့်ခြင်း အခမ်းအနား – ABE 2025 Graduation Ceremony
